METRO Corporate Compliance

စည်းကမ်းလိုက်နာမှု- သင်ပေါ်တွင် မူတည်သည်။

စည်းကမ်းလိုက်နာမှုနှင့် ဖြောင့်မတ်မှန်ကန်မှုသည် METRO GROUP အတွင်းတွင် အလွန်အရေးပါပါသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဘုတ်အဖွဲ့အနေဖြင့် ဝန်ထမ်းများအားလုံးနှင့် METRO GROUP အုပ်ချုပ်ရေးအဖွဲ့ဝင်တိုင်းအား လက်ရှိ ဥပဒေ၊ METRO GROUP လုပ်ငန်း အခြေခံမူများနှင့် ကုမ္ပဏီ လမ်းညွှန်ချက်များနှင့်အညီ - မည်သည့်နေရာ မည်သည့်အချိန်တွင်မဆို ပြုမူဆောင်ရွက်စေလိုပါသည်။ စည်းကမ်းလိုက်နာမှုသည် ကျွန်ုပ်တို့အတွက် အလျှော့ပေးနိုင်မည့်အရာ မဟုတ်ပါ။

METRO GROUP အတွင်းရှိ စည်းကမ်းလိုက်နာရန် ပျက်ကွက်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာများ လက်ခံရန် METRO GROUP ကျင့်ဝတ်လိုက်နာရေးစနစ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျင့်ဝတ်ဖောက်ဖျက်မှု သတင်းပေးစနစ်ကို ဖော်ဆောင်ထားခြင်းဖြစ်သည်၊ ၎င်းကို METRO GROUP ဝန်ထမ်းများနှင့် ပြင်ပ ကြားခံအဖွဲ့အစည်းများမှ အသုံးပြုနိုင်ပါသည် ဥပမာ - သုံးစွဲသူများ သို့မဟုတ် လုပ်ငန်းမိတ်ဖက်များ။

ဤစနစ်သည် ယေဘုယျအားဖြင့် ဖြစ်ရပ်များကို အမည်မဖော်ပြဘဲ အစီရင်ခံတင်ပြစေနိုင်သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးကို ထိထိရောက်ရောက် မြန်မြန် ဆန်ဆန်ဖြစ်စေရန် ကူညီပေးနိုင်သည်ဖြစ်သောကြောင့် METRO GROUP သည် အစီရင်ခံတင်ပြသူများအား ၎င်းတို့ကိုယ်တိုင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းအား ပိုမိုလိုလားပါသည်။ အစီရင်ခံစာများအားလုံးကို အတင်းကြပ်ဆုံး အတွင်းရေးလျှို့ဝှက်အဖြစ် ဆောင်ရွက်သွား မည်ဖြစ်ကာ ကျင့်ဝတ်ဖောက်ဖျက်မှု သတင်းပေးသူများအား ဖြစ်စဉ်၏ အဓိကပါဝင်သူအနေဖြင့် သတ်မှတ်ကာကွယ်ပေးသွားမည်ဖြစ်သည်။

သင့်အစီရင်ခံစာသည် ကုမ္ပဏီ၏ စီးပွားရေးအရ အောင်မြင်မှုနှင့် အလုပ်များ ထိန်းသိမ်းရေးတို့အတွက် အကူအညီဖြစ်စေမည်ဖြစ်သည်။

သင်၏ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ပါသည်။

အုပ်ချုပ်ရေး ဘုတ်အဖွဲ့၊ METRO AG

မည်သို့သော အစီရင်ခံစာအမျိုးအစားသည် METRO GROUP အား အထောက်အကူပြုသနည်း။
ကျွန်ုပ်သည် မည်သည့်အတွက်ကြောင့် အစီရင်ခံစာတစ်စောင် တင်သွင်းသင့်သနည်း။
ကျွန်ုပ်၏ အစီရင်ခံစာကို မည်သို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး စာတိုက်သေတ္တာတစ်ခုကို မည်သို့ ပြင်ဆင်ရပါမည်နည်း။
ကျွန်ုပ်အနေဖြင့် ဆက်လက်၍ အမည်မဖော်ပြဘဲထားလျက် တုံ့ပြန်ချက်တစ်စောင်ကို မည်သို့ ရရှိနိုင်မည်နည်း။