Kaufland
ကုမ္ပဏီကို တည်ထောင်ခဲ့သည့် မူများထဲမှတစ်ခုမှာ ‎"ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေများနှင့် လုပ်ငန်းတွင်း လမ်းညွှန်ချက်များကို လေးစားလိုက်နာမည်" (စည်းကမ်းလိုက်နာမှု) ဟူသော အချက်ဖြစ်သည်။ ကျွန်ုပ်တို့၏ဥပဒေအတိုင်း လုပ်ဆောင်သောအမူအကျင့်ကို သင်ယုံကြည်စိတ်ချနိုင််ကြောင်း ကျွန်ုပ်တို့အာမခံပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် စည်းကမ်းလိုက်နာမှုသည် ကျွန်ုပ်တို့၏ကုမ္ပဏီ ရေရှည်အောင်မြင်မှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် လက်မခံနိုင်ဖွယ်အပြုအမူဖြစ်လာနိုင်ခြေများကို တတ်နိုင်သမျှ စောစီးစွာ ပစ်မှတ်ထားတုံ့ပြန်ရန် အရေးကြီးသည်။ ၎င်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပထမဆုံးအဆင့်မှာ လက်မခံနိုင်ဖွယ်အပြုအမူဖြစ်နိုင်ခြေ တိုင်စာများကို လက်ခံခြင်းဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ကျွန်ုပ်တို့သည် ကုမ္ပဏီကို ထိခိုက်စေသည့် စည်းကမ်းလိုက်နာမှုဆိုင်ရာ ကိစ္စရပ်များအတွက် အကြံဉာဏ်ရယူနိုင်သည့် အခွင့်အရေးကို သင့်အား ပေးထားသည်။

ထိုကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ ကျင့်ဝတ်ဖောက်ဖျက်မှု အွန်လိုင်းသတင်းပေးစနစ်ကို အသုံးပြုနိုင်သည်။ အချက်အလက်ပေးအပ်ရန်ဖြစ်စေ သို့မဟုတ် အချက်အလက်ရယူရန်ဖြစ်စေ ယင်းစနစ်ကို သင်အသုံးပြုပါက- သင့်အချက်အလက်များကို တင်းကျပ်စွာလျှို့ဝှက်ထားရှိမည်ဖြစ်ပြီး သင် ဆန္ဒရှိပါက အမည်ဝှက်၍ ကိုင်တွယ်ပေးပါမည်။ သင့်အစီရင်ခံစာနှင့်ပတ်သက်ပြီး သင့်ကိုဆက်သွယ်၍ မေးမြန်းနိုင်ရန် သင့်တွင် စာတိုက်ပုံးတစ်ခု ထားရှိရန် အကြံပြုအပ်ပါသည်။ BKMS မှတစ်ဆင့် ကျွန်ုပ်တို့ထံ တိုင်စာပေးပို့ပါက ကျင့်ဝတ်ဖောက်ဖျက်မှုအား သတင်းပေးသူ ကာကွယ်ရေး အက်ဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း အပြည့်အဝအကာအကွယ်ရရှိမည်ဖြစ်ပါသည်။

ဤကျင့်ဝတ်ဖောက်ဖျက်မှု အွန်လိုင်းသတင်းပေးစနစ်ကို တာဝန်ယူမှုရှိစွာ အသုံးပြုပါ။ အခြားလူများအား စွပ်စွဲရှုတ်ချရန် ၎င်းကို အသုံးမပြုရပါ။ အမှန်ကန်ဆုံးဟု ယူဆသည့် သင်သိထားသမျှ အချက်အလက်များကိုသာ မျှဝေပေးစေလိုပါသည်။

စည်းကမ်းလိုက်နာမှုဆိုင်ရာ ကိစ္စရပ်များအား တိုင်ကြားရန်အတွက် ဤကျင့်ဝတ်ဖောက်ဖျက်မှု အွန်လိုင်းသတင်းပေးစနစ်ကို သတ်မှတ်ထားခြင်းဖြစ်သည်။ အခြားကိစ္စရပ်များကို ဤစနစ်မှတစ်ဆင့် လက်ခံဆောင်ရွက်ပေး၍ မရကြောင်း သတိပြုပါ။

တိုင်စာပို့ခြင်း သို့မဟုတ် မေးခွန်းများမေးခြင်းဆိုင်ရာအတွက် အခြားဝန်ဆောင်မှုများ (ဥပမာ - စည်းကမ်းထိန်းသိမ်းရေးအရာရှိများ) ကိုလည်း ဤကျင့်ဝတ်ဖောက်ဖျက်မှု အွန်လိုင်းသတင်းပေးစနစ်နှင့်အတူ ဆက်လက်ထားရှိပေးထားမည်။
ကျွန်ုပ်သည် မည်သည့်အတွက်ကြောင့် တိုင်ကြားစာတစ်စောင် ပေးပို့သင့်သနည်း။
အွန်လိုင်းတိုင်ကြားမှုစနစ်မှတစ်ဆင့် မည်သည့်ပြဿနာများကို ဖြေရှင်းနိုင်သနည်း။
စိုးရိမ်ပူပန်မှုကို တိုင်ကြားခြင်း သို့မဟုတ် မေးခွန်းမေးမြန်းခြင်းအတွက် လုပ်ငန်းစဉ်မှာ အဘယ်နည်း။ စာတိုက်သေတ္တာတစ်ခု သတ်မှတ်ရန် မည်သို့လုပ်ဆောင်ရမည်နည်း။
ကျွန်ုပ်သည် ပြန်ကြားချက်ကို မည်သည့်အချိန်တွင် မည်သို့လက်ခံရရှိမည်နည်း။
အွန်လိုင်းတိုင်ကြားမှုစနစ်ကို အသုံးပြုသည့်အခါ ကျွန်ုပ်၏အချက်အလက်ကို မည်သို့ကာကွယ်မည်နည်း။